မြန်မာ့ပထမဆုံး AI နည်းပညာမြင့် ဥပဒေရေးရာ ရှာဖွေရေး

ပိုမို မြန်ဆန်ပြီး Smart ကျတဲ့ ဥပဒေဆိုင်ရာရှာဖွေရေး အတွက် ET.Verdict

ET.Verdict က ခေတ်မီ ရှာဖွေရေးစနစ်နဲ့ AI နည်းပညာကို ပေါင်းစပ်ထားလို့ သုတေသနလုပ်ငန်းတွေကို အရှိန်မြှင့်တင်ပေးပြီး၊ သုံးသပ်ချက်တွေကို ပိုမိုတိကျစေမှာပါ။ ပြတ်သားတဲ့ ဥပဒေဆိုင်ရာ ခြေလှမ်းတွေအတွက် ခေတ်ဟောင်း ပုံစံခွက်ထဲကနေ ရုန်းထွက်ဖို့ အဆင်သင့်ပဲလား။

Hero Graphic
Dashboard showing legal research insights
1 / 3

ပလက်ဖောင်း မိတ်ဆက်

အနာဂတ် ဥပဒေရေးရာ စိန်ခေါ်မှုများအတွက် ပိုမိုတိကျမြန်ဆန်စေမယ့် ET.Verdict

ချက်ချင်းရရှိနိုင်သော အမှုအကျဉ်းချုပ်များ

စာမျက်နှာများစွာပါဝင်တဲ့ အမှုတွဲတွေ၊ စီရင်ထုံးတွေကို Verdict AI နှင့် အချိန်တိုအတွင်း အနှစ်ချုပ်ရယူလိုက်ပါ။ စာဖတ်ချိန်ကို လျှော့ချပြီး အမှုနိုင်ဖို့ဗျူဟာခင်းရာမှာပဲ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

စီရင်ထုံးများကို နှိုင်းယှဉ်ခြင်း

စီရင်ထုံးများရဲ့ တူညီချက်နဲ့ ကွဲပြားချက်တွေကို မျက်စိတစ်မှိတ်အတွင်း ရှာဖွေနိုင်ပါတယ်။ မိမိရဲ့ လျှောက်လဲချက်တွေကို ဘယ်သူမှ ယှဉ်မရနိုင်လောက်အောင် ခိုင်မာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးမှာပါ။

လုပ်ငန်းသုံးအဆင့် လုံခြုံရေးစနစ်

အဆင့်အမြင့်ဆုံး လုံခြုံရေး စံချိန်စံညွှန်းတွေနဲ့ အညီ ပလက်ဖောင်းအားပြုလုပ်ထားပါတယ်။ သင့်ရဲ့ အရေးကြီး အချက်အလက်တွေကို ခံတပ်ကြီးတစ်ခုလို လုံခြုံစေပြီး ဥပဒေစည်းမျဉ်းတွေနဲ့အညီ စိတ်ချလက်ချ အသုံးပြုနိုင်မှာပါ။

ကျွန်ုပ်တို့၏ အားသာချက်များ

ET.Verdict ၏ နောက်ကွယ်မှ စွမ်းဆောင်ရည်မြင့် AI နည်းပညာ

ET.Verdict က မျိုးဆက်သစ် AI (Next-Gen AI) ကို အသုံးပြုထားလို့ ရှာဖွေမှုတွေက ပိုမြန်ဆန်ပြီး၊ Context ကိုပါ နားလည်ပေးနိုင်ပါတယ်။

  • ET's Own Crafted AI Search နည်းပညာ

    ကျွန်ုပ်တို့၏ Verdict AI သည် သာမန် Key-word ရှာဖွေမှုထက် ကျော်လွန်ပြီး ဥပဒေရေးရာ အကြောင်းအရာများကို နက်နက်ရှိုင်းရှိုင်း နားလည်ပေးပါသည်။

  • စီရင်ထုံးများကို ခွဲခြမ်းစိတ်ဖြာခြင်း

    စာမျက်နှာပေါင်းများစွာပါတဲ့ စီရင်ထုံးတွေကို AI က အလိုအလျောက် ဖတ်ရှုပြီး၊ အဓိက အငြင်းပွားမှုတွေနဲ့ ဆုံးဖြတ်ချက်တွေကို ရှင်းလင်းပြတ်သားတဲ့ အနှစ်ချုပ်အနေနဲ့ ပြန်ထုတ်ပေးနိုင်ပါတယ်။

  • မြန်မာဥပဒေ ဝေါဟာရ အထူးပြု AI

    Generic AI တွေနဲ့မတူပါဘူး။ မြန်မာ ဥပဒေ ဝေါဟာရတွေနဲ့ ရှုပ်ထွေးတဲ့ ဝါကျဖွဲ့စည်းပုံတွေကို နားလည်နိုင်ဖို့ သီးသန့် Train ထားတဲ့အတွက် ရလဒ်တွေက ပိုမို မှန်ကန်တိကျပါတယ်။

ကျွန်ုပ်တို့၏အဖွဲ့

ကျွန်တော်တို့ဟာ ဥပဒေနဲ့ နည်းပညာကို ပေါင်းစပ်ပြီး အသစ်အသစ်တွေကို ဖန်တီးနေတဲ့ Team တစ်ခုပါ။ စိတ်ကူးလေးတစ်ခုကနေ စခဲ့တဲ့ ဒီခရီးမှာ ကျွန်တော်တို့ဟာ စီးပွားရေးထက် ပိုတဲ့ 'အဓိပ္ပာယ်ရှိတဲ့ ဖန်တီးမှု' တွေကိုပဲ အလေးထားပါတယ်။ လက်တွဲညီညီနဲ့ နည်းပညာရဲ့ စွမ်းပကားကို ယုံကြည်ပြီး ရှေ့ဆက်နေတဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့အကြောင်းကို မိတ်ဆက်ပေးပါရစေ။

အကြံပေး

ကျွန်တော်တို့ရဲ့ ခရီးလမ်းတစ်လျှောက် မှန်ကန်တဲ့ ရည်မှန်းချက်တွေ၊ တာဝန်ယူမှုရှိတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ဆက်နိုင်ဖို့အတွက် အဝေးကရော အနီးကပါ ဝိုင်းဝန်းလမ်းပြပေးခဲ့ကြတဲ့ ဆရာသမားတွေ ရှိပါတယ်။ သူတို့ရဲ့ လမ်းညွှန်မှုနဲ့ အားပေးစကားတွေဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ပိုမိုပြည့်စုံစေသလို ခိုင်မာတဲ့ အနာဂတ်ဆီကို လျှောက်လှမ်းဖို့အတွက်လည်း အင်အားတွေ ဖြစ်စေပါတယ်။ ကျွန်တော်တို့အပေါ် စေတနာထားပြီး အတွေ့အကြုံကောင်းတွေ ဝေမျှပေးခဲ့ကြတဲ့ လမ်းပြကြယ်တွေကို ဒီနေရာကနေ အထူးပဲ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

Phyo Thu Htet

Founder & CEO at Símbolo

(1999-2025)

Símbolo ရဲ့ Founder & CEO ဖြစ်သူ ကိုဖြိုးသူထက်ဟာ ကျွန်တော်တို့ရဲ့ ခရီးလမ်းအတွက် အခြေခံအုတ်မြစ်တွေကို စနစ်တကျ ချမှတ်ပေးခဲ့တဲ့ လမ်းပြသူပါ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ စတင်နိုင်အောင် လမ်းညွှန်ပေးခဲ့သလို၊ အထူးသဖြင့် မြန်မာ့ Legal AI လောကမှာ အပေါ်ယံမဟုတ်တဲ့ နည်းပညာစံနှုန်းတွေဖြစ်ဖို့အတွက် Co-founder Rei နဲ့ လက်တွဲပြီး အစဥ်တစိုက် ကြိုးပမ်းခဲ့ပါတယ်။ AI နည်းပညာကို မြန်မာ့ဥပဒေနယ်ပယ်ရဲ့ သဘာဝနဲ့အညီ ဘေးကင်းလုံခြုံဖို့၊ ကျင့်ဝတ်နဲ့ညီဖို့နဲ့ တာဝန်ယူမှုရှိတဲ့ Application တွေဖြစ်လာဖို့ သူကပဲ အဓိက လေ့ကျင့်သင်ကြား လမ်းညွှန်ပေးခဲ့တာပါ။ ကျွန်တော်တို့အပေါ် ထားရှိခဲ့တဲ့ သူ့ရဲ့ စေတနာနဲ့ လမ်းညွှန်မှုတွေကို အမြဲတမ်း ကျေးဇူးတရားနဲ့ အမှတ်ရနေမှာပါ။

Phyo Thu Htet portrait
FAQ

မေးလေ့ရှိသော မေးခွန်းများ

ET.Verdict က ဥပဒေပညာရှင်တွေကို အလွန်မြန်ဆန်တဲ့ ရှာဖွေရေးစနစ်၊ Verdict AI သုံးသပ်ချက်တွေနဲ့ လုံခြုံစိတ်ချရတဲ့ နည်းပညာတွေအသုံးပြုပြီး ဘယ်လို ကူညီပေးနေလဲဆိုတာ လေ့လာလိုက်ပါ။

ET.Verdict ဟာ ပြင်ပအဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှုမရှိတဲ့ လွတ်လပ်သော LegalTech Startup တစ်ခုဖြစ်ပါတယ်။ နည်းပညာပိုင်း ကျွမ်းကျင်တဲ့ မျိုးဆက်သစ် လူငယ်တွေက ဦးဆောင်တည်ထောင်ထားပြီး၊ မြန်မာနိုင်ငံနဲ့ ဒေသတွင်း ဥပဒေရေးရာ နည်းပညာကဏ္ဍမှာ ခေတ်မီ AI ဖြေရှင်းချက်တွေကို ရှေ့ဆောင်လမ်းပြ မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။
သာမန် Platform တွေလိုမဟုတ်ပဲ ET.Verdict မှာတော့ အလွန်မြန်ဆန်တဲ့ ရှာဖွေရေးစနစ် နဲ့ မြန်မာစာအထူးပြု Verdict AI ကို ပေါင်းစပ်ထားပါတယ်။ မိမိရှာတွေ့ထားတဲ့ အမှုတွဲတွေကို AI သုံးပြီး ဘေးချင်းယှဉ် (Side-by-side) နှိုင်းယှဉ်ကြည့်နိုင်သလို၊ အနှစ်ချုပ် (Summary) တွေနဲ့ ကွာခြားချက်တွေကိုပါ ချက်ချင်း ထုတ်ပေးနိုင်လို့ အလုပ်တွင်ကျယ်မှု ပိုမြန်ဆန်စေပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံ ဥပဒေနယ်ပယ် (Myanmar Jurisdiction) အတွက် အင်္ဂလိပ်စာ နဲ့ မြန်မာစာ နှစ်မျိုးလုံးကို အသုံးပြုနိုင်ပါတယ်။ မြန်မာ ဥပဒေ ဝေါဟာရတွေကို ထိထိရောက်ရောက် နားလည်အလုပ်လုပ်နိုင်အောင် လုပ်ဆောင်ထားပါတယ်။
ရပါတယ်။ ဥပဒေပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေအတွက် Free Trial (အစမ်းသုံးခွင့်) ပေးထားပါတယ်။ ကျွန်တော်တို့ Team ကို ဆက်သွယ်ပြီး Demo Account ဖွင့်ကာ စမ်းသပ်အသုံးပြုနိုင်ပါပြီ။

ကဲ၊ ET.Verdict ကို စတင်အသုံးပြုရန် အဆင်သင့်ဖြစ်ပြီလား?

Demo ကြည့်ရှုရန် (သို့မဟုတ်) မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။

ဆက်သွယ်လိုက်ပါ

မေးခွန်းရှိပါသလား? ကျွန်ုပ်တို့ ဆန္ဒထက်သန်စွာ နားထောင်ပါမည်။

ကုမ္ပဏီအမည်

ET.Verdict

အီးမေးလ်

hello@etverdict.com

တည်နေရာ

ရန်ကုန်၊ မြန်မာ